s

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

Sunday, July 31, 2011

စကားကြီးဆယ်ခွန်း မှအဆက်


၅။ဆီပွတ်ကျည်ပွေ့ စကားပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ စကားအရာတွင်လည်း မိမိရည်မှန်ချက် ပြီးစီးအောင် အထပ်ထပ်ပြောဆိုခြင်း ဖြစ်သည်။

၆။ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း ။
ဆင်က မိမိကို ဝှေ့ရန် လိုက်သောအခါ လွတ်ရာလွတ်ကြောင်း ရှောင်ခွာပြေးရသကဲ့သို့ စကားအရာတွင် မိမိထံသိုံ ကျရောက်လာမည့် စကား ဝါး မိမိအဖို့ ဘေးရောက်လာမည့် စကားကို ရှောင်လွှဲပြောဆိုခြင်း ဖြစ်သည်။

၇။တောင်သူယာခုတ် စကားပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ် သစ်ပင်တို့ကို ဦးစွာရှင်လင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးငယ်များကို လှဲသကဲ့သို့ စကားအရာတွင် စကးငယ် အသေးအဖွဲများကို ပြောကြားပြီးမှ စကားကြီး စကားကျယ်တို့ဖြင့် အနိုင်ယူပြောဆိုခြင် ဖြစ်သည်။

၈။ရေစစ်ပမာ စကားပြောနည်း
ရဟန်းသံဃာများ သုံးသော ရေစစ်တစ်မျိုးကဲ့သို့ ထိုရေစစ်ကို ရေထဲတွင်နှစ်ကာ ရေပြည့်မှထိပ်က အပေါက်ကိုလက်ညှိးဖြင့် ပိတ်ပြီးဆွဲပါက ရေထွက်မကျပဲ အပြည့်ရှိသကဲ့သို့ စကားအရာတွင် သူတပါး ပြောဆိုခွင့် မရအောင် ပိတ်ဆို့ ပြောဆိုခြင်း ဖြစ်သည်။


၉။ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း
ကြက်များခွပ်သကဲ့သို့ နောက်ဆုတ်အားယူပြီး နိုင်လောက်မှ ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့စကားကို အလိုက် အထိုက်ပြောကာ အသာစီးရမှ စကားကိုပြီးစီးအောင် ပြောဆိုခြင်းဖြစ်သည်။

၁၀။ခတ်တင်မောင်နင်း စကားပြောနည်း
ဆန်ပဲတို့ကို ထောင်းသော မောင်းနင်းသူသည် တဖတ်သို့ လိုက်ပါမသွားအောင် ကောင်းစွာဖိနင်းရသကဲ့သို့ စကားပြောဆိုရာတွင် မှန်သည့်ဖြစ်စေ မှားသည်ဖြစ်စေ စကားကို တက်သာ ဆုတ်သာဖြစ်အောင်မတင်မကျပြောရခြင်းဖြစ်သည်။