s

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

Saturday, July 30, 2011

စကားကြီးဆယ်ခွန်း အဖွင့်

၁။ရေကူးညာတင် စကားပြေနည်း
ရေကူးရာတွင် ရေညာမှ ကြိုတင်ကူးသွားမှ လိုရာ ရောက်နိုင်သကဲ့သို့ စကားအရာတွင် မိမိ ဆိုလိုချက်သို့
ရောက်အောင် အထက်က ကြိုတင်ပြောဆိုခြင်း ဖြစ်သည်။


၂။ကောက်ပင်ရိတ်လှီး စကားပြေားနည်း။
ကောက်ပင်များကို လက်တစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်မှ တံစဉ်ကိုကိုင်ကာ တိခနဲနေအောင် ရိတ်ဖြတ်သကဲ့သို့ စကားအရာတွင် သူတပါးပြောသော စကားကို ချုံငုံမိအောင် သိမ်းကျုံး
ဖမ်းယူပြီးမှ မိမိက ပိုင်ပိုင်နိုင်နိုင် ပြောဆိုခြင်း ဖြစ်သည်။


၃။ ရေးစီးဖောင်ဆန် စကားပြောနည်း
လိုအပ်သော ပစ္စည်းများကို ဖောင်ပေါ်တင်ဆောင်ပြီး ရေဆန်သို့တက်လျှင် လိုရာခရီးကို ကောင်းစွာ
ရောက်နိုင်သကဲ့သို့ စကားအရာတွင် အောက်ခြေသိမ်း အကြောင်းအရာများကို ဥပမာ၊သာဓကတို့ဖြင့် 
ဖြည်းညှင်းသာယာစွာ လိုရာရောက်အောင် ဝေဆာစွာ ပြောဆိုခြင်းဖြစ်သည်။

၎။ အိုးတန်းဆန်ခတ် စကားပြောနည်း 

ထမင်းချက်သောအခါ အိုးနှင့်ဆန်တန်းရုံထည့်ကာ ချက်ပါက နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ကိုယ်ဂုဏ်နှင့် တန်ရုံပြောဆိုခြင်း ဖြစ်သည်။