- ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော ဗောဓါယနစသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊
- ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊
- ဇောတိသတ္ထ- ဂြိုလ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊
- သိက္ခာသရဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း
- အတတ်၊
- နိရုတ္တိ- ဝဏ္ဏာဂမ စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ ပစ္စယတ္ထ နိဗ္ဗစနတ္ထတို့ကို ပြဆိုသော ကဗျာကရဏ ပရိသဋ္ဌဟုဆိုထိုက်သော ယာသက ရသေ့စီရင်သော ကျမ်းအတတ်၊
- ဆန္ဒော- ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်၊
- သာမသာမခေါ်ဗေဒင်ကျမ်းအတတ်၊
- ယဇု- ယဇုခေါ် ဗေဒင်ကျမ်းအတတ်၊
- ဣရု- ဣရုခေါ်ဗေဒင်ကျမ်းအတတ်၊
- အာထဗ္ဗဏ- အာထဗ္ဗခေါ် ဗေဒင်ကျမ်းအတတ်၊
- မီမံသာကံ၏ အကြောင်းအရာတို့ကို စိစစ်၍ဆုံးဖြတ်သော ဇေမိနိရသေ့ စီရင်သော ပုဗ္ဗမီမံသာဟု ထင်ရှားသောကျမ်း၊
- ဗြဟ္မာ၏အကြောင်းအရာကိုစိစစ်၍ဆုံးဖြတ်သော 'ဗေဒန္တ'ဟုထင်ရှားသော ကျမ်းစုအတတ်၊
- နျာယ-ဂေါတမစသော ရသေ့ တို့စီရင်အပ်သော တက်ကျမ်းအမျိုးမျိုး အတတ်၊
- ဓမ္မသတ္ထ- အမျိုးလေးပါးတို့၏ အကျင့်တရားစသည်ကို မနုစသောရသေ့၊ မင်းတိုင်ပင်အမတ်ပညာရှိတို့စီရင်အပ်သော ဖြတ်ထုံးဥပဒေကျမ်းအတတ်၊
- ပုရာဏ- ရှေးဟောင်းအကြောင်းအရာတို့ကိုဆိုသော ပုရာဏ်ကျမ်းစာအတတ်၊
- ဓနုဗ္ဗေဒ- လေး၊ ဓါး၊ လှံစသော လက်နက်တို့ကို ပတ်လွှင့်ထိုးခုတ်ခြင်းတို့ကို မန္တန်နှင့်တကွပြသောယဇုဗေဒင်၏ဥပဒေဖြစ်သောကျမ်းအတတ်၊
- ဂန္ဓဗ္ဗဗေဒ- သီဆိုတီးမှုတ်ခြင်းအမျိုးမျိုး တို့ကို ပြသော သာမဗေဒင်၏ဥပဒေဖြစ်သော သင်္ဂီတကျမ်းအတတ်၊
- အတ္ထသတ္ထ- ဥစ္စာစည်းစိမ်ရကြောင်း လိမ္မာယဉ်ကျေးကြောင်းဖြစ်သော နီတိကျမ်းအတတ်။
s
ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ
ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt
ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ
ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ