s

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

Friday, September 13, 2013


မြန်မာ ယူ-၁၉ အသင်းတွင် ချန်ပီယံဖြစ်ရန် လုံလောက်သော အရည်အချင်းရှိကြောင်း နည်းပြချုပ် ဂတ်ဇီဇီဖွင့်ဟ

Thursday, April 18, 2013

အောင်မြင်မှုဆီသို့

သို့ ချစ်စွာသော သမီးငယ် သမီးရေ ဒီတခါတော့ သမီးလေးအတွက် အကောင်းဆုံးအောင်မြင်မှုအတွက် သော့ချက်တစ်ခု ကို ပြောပြမယ်နော်။ သေသေချာချာ မှတ်ထားပါ ။ ပြီးတော့် သေချာစဉ်းစားပြီး ဆရာပြောတာကို လက်ခံနိုင်တယ်ဆိုရင်လုပ်ကြည့်ပေါ့။ ဒါပေမဲ့ ဇွဲလုံးလတော့်ရှိရမယ်နော်။

သူနဲ့တူတဲ့ငါ



အမှောင် ညချမ်း
အရောင်လွှမ်းဖို့
ဘ၀ဆုံးခံ
ပြုံးဟန်မပျက်
လင်းလျက်သာ ကြွေ။

တကယ်လုပ်အဟုတ်ဖြစ်




လောကတွင် မဖြစ်နိုင်တာမရှိ။ မဖြစ်သေးတာပဲရှိသည်။ လူတို့သည် ကိုယ်လိုချင် တာကိုယ်ဖြစ် ချင်တာ ကို  တကယ်လုပ် အဟုတ်ဖြစ်ပါသည်။တကယ်လုပ် အဟုတ်ဖြစ်ရန်အတွက် အချက်()ချက်နှင့် ပြည့်စုံ ရန်တော့ လိုသည်။

ပြင်းပြသော စိတ်ဆန္ဒရှိရမည်လူတွင် မွေးရာပါ စွမ်းရည်သတ္တိထူးတွေ ရှိ၏။ထိုစွမ်းရည်ကို လူတို့သည် သာမန်အချိန်တွင် အပြည့်အ၀ အသုံးမချပေ။ ဘေးအန္တရာယ်နှင့် ကြုံသည့်အချိန်၊ အခက်အခဲ၊ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်မျိုးတွင် ထိုစွမ်းရည်ထူးတွေ ဖြစ်ပေါ်လာတတ်၏။
 စိတ်ဆန္ဒပြင်းပြသောအချိန်မျိုးတွင် ထိုစွမ်းရည်သတ္တိထူးကြောင့် မဖြစ်နိုင်တာတွေ ဖြစ်တတ်ကြကုန်၏။ ခိုင်မာသောဆုံးဖြတ်ချက်ရှိရမည်မိမိဖြစ်ချင်၊ လုပ်ချင်သောကိစ္စတို့ကို ပြင်းပြသော စိတ်ဆန္ဒရှိရုံနှင့်မပြီး၊ မဖြစ်မနေလုပ်မည်ဟူသော ခိုင်မာသော ဆုံးဖြတ်ချက် ချမှတ်ရန် လိုသည်။ဆုံးဖြတ်ချက်ခိုင်မာလျှင် နောက်ဆုံးတွင် လိုချင်တာ ရတတ်စမြဲ ဖြစ်သည်။
ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရမည်ပြင်းပြသော စိတ်ဆန္ဒ၊ ခိုင်မာသောဆုံးဖြတ်ချက်နှင့်အတူ ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရန် လည်း လိုသည်။ ပြင်းပြသော အလိုဆန္ဒရှိနေသောအခါ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့သည်လည်း မဖြစ်မနေ ရှိနေရတော့၏။ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမည်ဘာပဲလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှသာ အောင်မြင်နိုင်သည်။ မိမိကိုယ်မိမိ ယုံကြည်ခြင်းသည် ကိစ္စတစ်ခုကို ၅၀% ပြီးမြောက်စေနိုင်သည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလျှင် ဘာပဲလုပ်လုပ် အလွဲလွဲ အချော်ချော် ဖြစ်တတ်၏။ ထို့ကြောင့် အောင်မြင်ရန်အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရန် လိုအပ်သည်။အထက်ပါ အချက်လေးချက်နှင့် ပြည့်စုံလျှင် လောက၌ မဖြစ်နိုင်တာ မရှိပေ။ မဖြစ်သေးတာပဲ ရှိသည်။ ထို့ကြောင့် တကယ်ဖြစ်ချင်လျှင် တကယ်လုပ်ပါ။ ဤအချက်လေးချက်နှင့်ညီလျှင် မဟုတ်ဖြစ်ပါလိမ့်မည်။( ဆရာကောင်းသန့် စေတနာစကား စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

Monday, April 1, 2013

ပန်းချစ်သူ



ရနံ့သင်းတဲ့
ပန်းတခင်းကို
စောင့်ရှောက်ခွင့်ရ
ငါ့ဘ၀ဟာ
ပေါင်းသင် မြက်နုတ်
တကုပ်ကုပ်နဲ့
နှစ်တွေကြာညောင်း
ဇရာထောင်းပြီ။
... ...
အလှဝေဆာ
ဤကမ္ဘာတွက်
ရောက်စုံပွင့်လန်း
ဥယျာဉ်နန်း၌
ငါသေသွားသော်
အကျိုးမယုတ်
မြေဆီလုပ်၍
သုံးစေ သတည်း။

Sunday, September 2, 2012

ဘ၀အတွက် အရေးကြီးတယ်.............




၁) ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ဆနဲ့ ပေါင်းထားတာဖြစ်တယ်။ Edison

၂) အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။ ပြင်သစ်စကားပုံ

၃) ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို လျှစ်လျှူရှူတတ်ရမယ်။

၎) အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။

၅) သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲနိုင်တယ်။ ရှိတ်စပီးယား

Sunday, August 19, 2012

သမီးအတွက်


သမီးရေ…..
            မိန်းကလေးဆိုတာ အလှကြိုက်တာကို ဆရာသိပါတယ်….။ ဒါပေမယ့် သူများနဲ့လှပြီး ကိုယ်နဲ့ လိုက်မှန်းမသိ မလိုက်မှန်း မသိပြင်ဆင်ရင်တော့ အများအမြင်ဘယ်တင့်တယ်မလဲနော်….။ ကဲ့ရဲ့စရာတွေတောင်ဖြစ်ကုန်ဦးမယ်။ နောက်…. မိန်းကလေးတန်ဖိုးဟာအလှဆိုပေမယ့် အလှကြောင့်ဒုက္ခရောက်ရတတ်တယ်နော်…။ ဒါ့ကြောင့် ဆရာ အကြံပေးချင်တာကတော့ လိုတာထက် မပိုအောင်ပြင်ဆင်ပေါ……။