s

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

Friday, September 13, 2013


မြန်မာ ယူ-၁၉ အသင်းတွင် ချန်ပီယံဖြစ်ရန် လုံလောက်သော အရည်အချင်းရှိကြောင်း နည်းပြချုပ် ဂတ်ဇီဇီဖွင့်ဟ
         

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသော အာဆီယံ ယူ-၁၉ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် လျက်ရှိသည့် မြန်မာ ယူ-၁၉ အသင်းအနေဖြင့် ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် လုံလောက်သော အရည်အချင်း ရှိကြောင်း ဂျာမနီလူမျိုး နည်းပြချုပ် ဂတ်ဇီဇီဖရိုင်း ဒရစ်ခ်ျက ပြောကြားသည်။

“မြန်မာယူ-၁၉အသင်းကို ကျွန်တော် တစ်နှစ်နီးပါး စုစည်းလေ့ကျင့်ခွင့်ရခဲ့တယ်။ ဒါက အသင်းအတွက် အားသာ ချက်ပဲ။ မြန်မာအသင်းပါတဲ့ အုပ်စုကခက်ခဲမှာပါ။အားလုံးက တောင့်တင်းတဲ့အသင်းတွေ ချည်းပါပဲ။ ဒါပေမဲ့ မြန်မာ ယူ-၁၉ အသင်းကလည်း တောင့်တင်းတဲ့ အသင်းကောင်းပါ။ကျွန်တော်တို့မှာ ချန်ပီယံဖြစ်ဖို့အတွက် လုံလောက်တဲ့ ကစားသမားအင်အား ရှိပါတယ်” ဟု ဂတ်ဇီဇီက ဆိုသည်။

မြန်မာယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ပြိုင်ပွဲ၏ အုပ်စု(ခ) ၌ အိမ်ရှင်အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် စက်တင်ဘာ(၁၀) ရက်က မလေးရှားနှင့် ကစားခဲ့သည်။

မြန်မာယူ-၁၉အသင်းသည် ပြိုင်ပွဲအတွက် မြန်မာနေရှင်နယ်လိဂ်၌ ခြေစွမ်းပြနေသော ဧရာဝတီကစားသမား ဟိန်းသီဟဇော်၊ မကွေးတိုက်စစ်မှူး မောင်မောင်စိုး၊ ဇေယျာရွှေမြေ ဂိုးသမားမျိုးမင်းဇော်တို့ကို အားဖြည့်ရွေးချယ် ခဲ့သည်။

လက်ရှိ မြန်မာယူ-၁၉အသင်း၌ ကစားသမားကောင်းများစွာရှိပြီး လာမည့် တစ်နှစ်အတွင်း ယူ-၂၃ အသင်းအတွက် ကစားသမားများ အားဖြည့်နိုင်မည်ဖြစ်ကြောင်းလည်း ဂတ်ဇီဇီက ဆိုသည်။

“အသင်းမှာ အလားအလာရှိတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။လာမယ့် တစ်နှစ်အတွင်းမှာ ယူ-၂၃ အသင်း အတွက် အားဖြည့်နိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာကစားသမားတွေကို အာရှအဆင့် အထိရောက်ရှိ အောင်မြင်စေချင်ပါတယ်”ဟု ၎င်းကဆိုသည်။