သမီးရေ…..
မိန်းကလေးဆိုတာ
အလှကြိုက်တာကို ဆရာသိပါတယ်….။ ဒါပေမယ့် သူများနဲ့လှပြီး ကိုယ်နဲ့ လိုက်မှန်းမသိ မလိုက်မှန်း
မသိပြင်ဆင်ရင်တော့ အများအမြင်ဘယ်တင့်တယ်မလဲနော်….။ ကဲ့ရဲ့စရာတွေတောင်ဖြစ်ကုန်ဦးမယ်။
နောက်…. မိန်းကလေးတန်ဖိုးဟာအလှဆိုပေမယ့် အလှကြောင့်ဒုက္ခရောက်ရတတ်တယ်နော်…။ ဒါ့ကြောင့်
ဆရာ အကြံပေးချင်တာကတော့ လိုတာထက် မပိုအောင်ပြင်ဆင်ပေါ……။
စကားကိုလည်း လိုတာထက်ပိုးမပြောသင့်ဘူး
သမီး….။ အများအကျိုးရှိမည့်စကား မှန်သောစကား ဆိုပါပြောပါ။ အလကား အားတိုင်းအတင်းထိုင်တုတ်နေတဲ့
ခတ်ညံ့ညံ့ မိန်းကလေးတွေလို တန်းဖိုးရှိတဲအချိန်တွေကို မဖြုံးတီးစေချင်ဘူး သမီး….။ မိန်းမကောင်း
မိန်းမမြတ် အကျင့်စရိုက်ထဲမှာ အတင်းပြောတာမပါဘူးနော်…..။ အချိန်ကိုတန်းဖိုးရှိရှိ သုံးတတ်ပါစေ။
တန်းဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိရှိ
အသုံးချတတ်မှ တန်းဖိုးရှိတဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပေါ့……။ ရခဲလှတဲ့လူ့ဘဝကို ပိုင်ဆိုင်ထားပြီး
အကျိုးရှိရှိအသုံးချလိုက်ပါသမီး ဒါမှ လူဖြစ်ရကျိုးနပ်မှာပေါ့…..။လူဘဝဆိုတာ မိုးပေါ်က
အပ်တစ်စင်ချလိုက်လို မြေကြီးပေါ်ကထောင်ထားတဲ့အပ် ထိပ်ကိုထိချင်ထိနိုင်မယ် လူဖြစ်ဖို့ဆိုတာမလွယ်ဘူးတဲ့……။
ဒါတော့ လူတော်လူကောင်း မဖြစ်နိုင်သေးဘူးနော်။
ဆရာက သမီးကို လူတော်လူကောင်းဖြစ်စေချင်လို့
ပြောပြလိုက်ဦးမယ်။ လူတော်တဲ့ တော်တော့တော်တယ် မကောင်းရင် အဆင်မပြေဘူး ဒီလိုပဲ ကောင်းတော့ကောင်းတယ်
မတော်ရင်လည်း မကိုက်ပြန်ဘူး။ တော်ယုံနဲ့လည်းမပြီး ကောင်းယုံနဲ့လည်း အဆင်မပြေ ။ စိတ်ထားကောင်းမွန်ပြီး
အစစအရာမှာတော်လည်းတော်တဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်စေချင်တာပေါ့ …….။
လူတော်လူကောင်းဆိုတာ မိန်းကလေးယောက်ျားလေး
မခွဲခြားထားပါဘူး သမီး။ မိန်းကလေးတွေကို အလေးထားနေပြီး အလေးပြုနေရတဲ့ ယောက်ျားလေးတွေလည်းရှိပါတယ်။
ယောက်ျားပြောသမျှနာခံ ခိုင်သမျှလုပ် နေရတဲ့ ခပ်ညံ့ညံ့မိန်းကလေးတွေလည်းရှိတယ်။ ကိုယ့်ကိုယ်ကိုယ်
အားနွဲ့သူဆိုပြီး အားငယ်တတ်တဲ့မိန်းကလေးတွေလည်း ရှိတယ်။ ယောက်ျားတွေထက်သားလွန် မြင့်မြတ်တဲ့ မိန်းကလေးတွေလည်းရှိတယ်။
မိန်းကလေးလောက်တောင် အသုံးမကြတဲ့ ယောက်ျားလေးတွေလည်းရှိတယ်။ ကဲ့ ဘယ်လိုမိန်းကလေးမျိုးဖြစ်ချင်လည်း
သမီးရွေးလိုက်ပေါ့…။
ဘယ်အရာမှတော့လွယ်လွယ်နဲ့မရဘူး သူများထက်သားချင်ရင်
သူများနဲ့မတူတဲ့ စိတ်ဓါတ် ဇွဲ ၊လုံးလ ၊ဝိရိယ တွေရှိရမယ်။ ဆရာပြောဖူးတယ်မဟုတ်လား ဈေးဝယ်သလိုပေါ့
…..။ တစ်ဘတ်ဖိုးပေးရင် တစ်ဘတ်တန်ပဲရမှာပေါ့ ….။ဒါ ကြောင့် လူတော်လူကောင်းဖြစ်ချင်ရင်တော့
လူတော်လူကောင်းဖြစ်လောက်အောင်ကျိုးစားရမယ်သမီး….။
ကြိုးစားလိုက်ပါသမီး ….။ သမီးကိုဆရာယုံပါတယ်
သမီးလုပ်နိုင်မယ်လိုပေါ့……။ မဖြစ်ဘူးဆိုတာမရှိဘူးသမီး
မဖြစ်သေးတာပဲရှိတယ်နော်…..။
ဆရာ