s

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

Tuesday, July 26, 2011

သိစရာမှတ်စရာ

   အိမ်ထောင်မှု
  ဘုရားတည်
  ဆေးမင်ရည်စုတ်ထိုး
  ဤ သုံးမျိုး ချက်မပိုင်
နောင်ပြင်ရန် ခက်သည့်အမျိုး....လို့ ...ရှေးလူကြီးတွေ ဆုံးမစကားရှိပါတယ်.....။
ကာလတွေကြာလာတော့ ရှေးထုံးတွေလည်းပယ် ၊ဈေးသုံးတွေလည်း လွယ်ကုန်ကြတော့ မကြားဘူးတာတွေ ၊
မမြင်ဘူးတာတွေ ကြားရမြင်ရတာပေါ့ဗျာ......။
ရှေးက အိမ်ထောင်ဖက်ရွေးနည်းနဲ့  ပတ်သက်ပြီး ဗဟုသုတ ရစေမယ့် အကြောင်းလေးတွေ နည်းနည်းတော့ပြောခွင့်ပြုပါ....။
 ပါသုံးပါ
 ချာသုံးချာ
 ကွာသုံးကွာ ရှောင်သင့်ကြောင်း ရှေးရိုးစဉ်လာလေး ရှိသဗျ.......။
ပါသုံးပါဆိုတာ....
(၁) အကြွေးတွေ ပါလာသူ
(၂) ရောဂါဘယ ပါလာသူ
(၃) အပိုစားမည့်သူပါလာသူ

ချာသုံးချာဆိုတာ....
(၁) ပညာအရည်အချင်း နုံချာသူ
(၂) အကျင့်စာရိတ္တ နုံချာသူ
(၃) အလုပ်အကိုင် နုံချာသူ

ကွာသုံးကွာဆိုတာ......
(၁) နိုင်ငံနှင့်လူမျိုး ကွာခြားသူ
(၂) ဘာသာအယူဝါဒ ကွာခြားသူ
(၃) စိတ်သဘောထား ကွာခြားသူ တို့ ပါပဲ.....။
 ဒီနေ့ ခေတ်မှာ-
အချစ်ကို ဦးစားပေးလွန်းကြတော့ ဒီအချက်တွေနဲ့  ချိန်ထိုးပြီး ပေါင်းဖက်ကြဖို့  သတိမမူမိကြပါဘူး.....။
ဒီတော့ မိမိကော မိမိနှင့် ပတ်သက်သူတွေပါ စိတ်ဆင်းရဲ ၊ကိုယ်ဆင်းရဲ ဖြစ်ကြရတာပေါ့......။
ဘဝဆိုတာ အချစ်တစ်ခုထဲနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး....။
ဆင်းရဲဒုက္ခတွေ တံခါးဝက ဝင်လာချိန်မှာ အချစ်တွေဟာ ပြတင်းပေါက်က ခုန်ဆင်းပြေးသွားကြတယ်လို့ 
ကဗျာဆရာတစ်ယောက်ရေးတာ ဖတ်ခဲ့ဖူးပါတယ်....။
ကဲ.......
 ကိုယ့်နှမများ....
 မလွန်ခင် ပြင်ဆင်ခွင့်လေးရအောင် ကိုကိုသုစံ အမုန်းခံပြီး ပြောလိုက်ပါတယ်....။
မိမိရဲ့ ချစ်သူရည်းစားများမှာ-
ဒီအချက်တွေနဲ့  ကင်းပါရဲ့ လား......။
ကင်းရှင်းပါတယ်ဆိုရင် သာဓုခေါ်လိုက်ပါတယ်ဗျား........................။           
                               ။ ဘလော့တခုမှာ ကူးယူဖော်ပြပါသည်။