တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
ဇာတ်-ဟူသောစကားမှာ ဇာတက-ဟူသောပါဠိမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဖြစ်တော်ဟူ၍ အဓိပ္ပါယ်ရှိသည်။ ပါဠိလို ဇာတက-မှာ မြန်မာလိုအားဖြင့် ဗုဒ္ဓ၏ ဘုရားလောင်းဘ၀ အဖြစ်တော်စဉ်များကို ဖော်ပြဟောကြားထားရာ ကျမ်းပင် ဖြစ်သည်။ သို့ရာတွင်-
၁။ တေ = တေမိယဇာတကသည် ဘုရားအလောင်းတော် တေမိမင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၂။ ဇ=ဇနကဇာတကမှာ ဘုရားအလောင်းတော် ဇနက မင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၃။ သု=သုဝဏ္ဏသာမဇာတကမှာ ဘုရားအလောင်းတော် သုဝဏ္ဏသာမ၏ ဘ၀အဖြစ်တော်စဉ်။
၎။နေ= နေမိယဇာတကမှာ ဘုရားအလောင်းတော် နေမိမင်း၏ ဘ၀အဖြစ်တော်စဉ်။
၅။ မ=မဟောသဓဇာတကမှာ ဘုရားအလောင်းတော် မဟောသဓာ၏ ဘ၀အဖြစ်တော်စဉ်။
၆။ ဘူ=ဘူရိဒတ္တဇာတကမှာ ဘုရားအလာင်းတော် ဘူရိဒတ်နဂါးမင်း၏ ဘ၀အဖြစ်တော်စဉ်။
၇။ စန်=စန္ဒကုမာရဇာတကမှာ ဘုရားအလောင်းတော် စန္ဒကုမာရမင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၈။ နာ=နာရဒဇာတကမှာ ဘုရားအလောင်းတော် နာရဒ၏ ဘ၀အဖြစ်တော်စဉ်။
၉။ ဝိ=၀ိဓူရဇာတကမှာ ဘုရားအလောင်းတော် ၀ိဓူရသုခမိန်၏ ဘ၀အဖြစ်တော်စဉ်။
၁၀။ဝေ= ဝေဿန္တရဇာတကမှာ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီး၏ ဘ၀အဖြစ်တော်စဉ်တို့ပင် ဖြစ်သည်။