သမီးရေ.....။
သမီးဆိုတော့ မိန်းကလေးပေါ့နော်.....။ မိန်းကလေးဆိုတာ ပန်းကလေးတွေနဲ့ တူတယ်ဆိုရင် ပန်းကလေးတွေရဲ့တန်ဖိုးဟာအဆင်းရနံ့ ရှိမှတင့်တယ် တာပေါ့ .....။ ပန်းကလေးတွေနဲ့ တူတဲ့ မိန်းကလေးတွေ ဟာလည်း (အိမ်ဓရေ)သိက္ခာနဲ့ ပြည့်စုံမှ တင့်တယ်မြင့်မြတ်တယ် သမီး........။
သမီးရေ ......။
အရက်သမားတယောက် ရက်မူးနေချိန်မှာ မှားမယ်မှန်မယ်ကို တွေးတောစဉ်းစားနေမှာ မဟုတ်ဘူး သူလုပ်ချင်တာကို လုပ်လိုက်မိမှာပဲနော် .......။ အဲ အမူးပြေသွားမှ ပြန်သတိရတော့ နောင်တတွေပေါ့ .....။ တော်ယုံတန်ယုံ အမှားနောင်တ ဆိုရင်တော့ တော်သေးတာပေါ့.......။ ပြင်မရတဲ့ အမှားဆိုရင်တော့ ဘဝတစ်ခုလုံးဆုံးသွားနိုင်တယ် သမီး.......။ အဲ့ဒီ့လိုပဲ ဆယ်ကျော်သက်အရွယ် သမီးတို့ဟာ အရက်သမားလို့ပဲ
ရင်ခုံသံကြောင့် ဖိတ်ကျလာတဲ့ အချစ်ရေစင်ကို သောက်စားမူးရူး နေတတ်ကြတယ် ......။ အမူးပြေမှ နောင်တတွေရမှာကို ဆရာ မလိုလားဘူး သမီး.......။
သမီးရေ.......။
နှလုံးသားက တီးခတ်နေတဲ့ သံစဉ်စည်းချက်တွေကို သံစဉ်ချိုချိုလေးတွေ ဆိုချင်ဆိုပါ......။ မျှောပါစီးဝင်ပြီး အလွမ်းမျက်ရည်တွေ ကိုတော့ မကျမိစေချင်ဘူး သမီး....။
အသိစိတ်နဲ့ဆင်ခြင်ပြီး ဆုံးဖြတ်နိုင်ပါစေ......။
ဆရာ့ စေတနား