s

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

Sunday, September 18, 2011

မျှော်လင့်ချက်တွေ လွတ်ထွက်မသွားပါစေနဲ့


လက်မြှောက်အရှုံးပေးချင်စိတ်တွေ ပေါ်လာတဲ့အခါမျိုးမှာ၊
မျှော်လင့်ချက်က ဆက်လက်ရှင်သန်နေဖို့ ခွန်အားတွေပေးတယ်၊

ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့၊
လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိနေသမျှ၊
ကြိုးစားဖို့အတွက် အကြောင်းရှိတယ်၊




ကိုယ့်ပျော်ရွှင်မှုကို သူတစ်ပါးလက်ထဲ ထည့်မထားပါနဲ့၊
ကိုယ့်လက်ထဲမှာပဲ ထား၊ ဒါမှ အမြဲတမ်း ကိုယ်လက်လှမ်းမှီနေမှာ၊

အောင်မြင်တာ ရှုံးနိမ့်တာကို ရုပ်ဝတ္ထုကြွယ်ဝမှုတွေနဲ့ မတိုင်းတာပါနဲ့၊
ကိုယ်ဘယ်လို ခံစားရတယ်ဆိုတာနဲ့သာ တိုင်းတာပါ၊
ကိုယ့်ဘ၀ရဲ့ ပြည့်စုံမှုကို ကိုယ့်ခံစားချက်များကသာ ပြဋ္ဌာန်းတယ်၊

ဆိုးတဲ့အခိုက်အတန့်လေးတွေရဲ့ လွမ်းမိုးသွားမှုကို မခံပါနဲ့၊
သည်းခံလိုက်စမ်းပါ၊ သူတို့ကျော်လွန်သွားလိမ့်မယ်၊

အကူညီတောင်းဖို့ မ၀ံမရဲဖြစ်မနေနဲ့၊
လူတိုင်းတစ်ချိန်မဟုတ်တစ်ချိန် လိုအပ်မြဲဖြစ်တယ်၊


အချစ်ကို ရှောင်မပြေးနဲ့၊ ရင်ဆိုင်တွေ့လိုက်ပါ၊
ဘာကြောင့်လဲဆိုတော့ ပျော်စရာအကောင်းဆုံးဖြစ်လို့ပါ
ဖြစ်ချင်တာကို ကိုယ့်ဆီရောက်လာအောင် စောင့်မနေနဲ့
သွားတဲ့လူကို ဘ၀က လမ်းတစ်ဝက်မှာ ဆီးကြိုမယ်ဆိုတဲ့ အသိနဲ့၊
ရှိသမျှအားထုတ်ပြီး ရအောင်လိုက်ယူပါ၊

စိတ်ကူးတွေနဲ့ အိပ်မက်တွေ မျှော်လင့်သလို ဖြစ်မလာလို့၊
ဘ၀ပျက်ပြီ မထင်လိုက်လေနဲ့၊
ကိုယ့်အကြောင်း ဘ၀အကြောင်း အသစ်တခုတွေ့ရလေတိုင်း
တိုးတက်မှုရခဲ့တာပဲပေါ့၊

ကိုယ့်ကိုကိုယ် ရိုသေစိတ်ပျောက်သွားစေမယ့်
ဘယ်လိုကိစ္စမျိုးမှ မလုပ်မိပါစေနဲ့၊
ကိုယ့်ဘ၀ကိုယ် ကျေနပ်ခြင်းဟာ
လူဘ၀ကို ကျေနပ်ဖို့ လိုအပ်ချက်ဖြစ်တယ်၊

ရယ်မောဖို့ ဘယ်တော့မှ မေ့မနေနဲ့
ငိုကြွေးဖို့လည်း ရှက်မနေနဲ့
ဒီနှစ်ခုကို လုပ်နေခြင်းကြောင့်
ဘ၀ဟာ ကျေနပ်စရာ အကောင်းဆုံးဖြစ်နေရတာပါပဲ။



အဖြူရောင်မိသားစုမှ ကူယူဖော်ပြသည်။