နေ့အကြောင်းကို အကျဉ်းလုပ်ရေးသားထားခြင်းဖြစ်ပါသည်။
ဆိုလာနေ့ နှင့် ဆိုက်ဒီးရီးယဲနေ့ ဟု နှစ်မျိုးရှိပါသည်။ဆိုလာနေ့သည် နေကို အကြောင်းပြုထားသော နေ့ဖြစ်ပြီး ။ ဆိုက်ဒီးရီးယဲနေ့သည် ကြယ်ကို အကြောင်းပြုထားသော နေ့ဟုအဓိပ္ပါယ်ဖြစ်သည်။
ဆိုလာနေ့သည် ပထမ နေမွန်းတည့်ချိန်မှ နောက်တစ်ကြိမ်နေမွန်းတည့်ချိန်အထိကြာသောအချိန်ဖြစ်သည်။
ဆိုက်ဒီးရီးယဲနေ့မှာ သတ်မှတ်ထားသော ကြယ်တစ်လုံးသည် ကြည့်ရှုသူ၏ မစ်ရစ်ဒီယန်းမျည်းခေါ်
မွန်းတည့်မျဉ်းကို ပထမ အကြိမ်ဖြတ်သည်မှစ၍ နောက်တစ်ကြိမ် ဖြတ်သည့်အထိကြာသော အချိန်အတိုင်းအတာဖြစ်သည်။
ဆိုလာနေ့တစ်နေ့၏ အချိန်သည် ပျှမ်းမျှ ဆိုက်ဒီးရီးယဲနေ့၏ ၂၄ နာရီ ၃ မိနစ် ၂၆ . ၅၅ စက္ကန့် ဖြစ်သည်။
ဆိုက်ဒီးရီးယဲနေ့တစ်နေ့၏ အချိန်ကာလသည် ပျှမ်းမျှ ဆိုလာနေ့၏၂၃ နာရီ ၅၆ မိနစ် ၄ . ၀၉ စက္ကန့်ဖြစ်သည်။
(၂၄ နာရီရှိသော နေ့သည်တစ်နှစ်လျှင် ၄ နေ့သာရှိသည်။)
(တစ်နှစ်လျှင် ဆိုလာနေ့ပေါင်း ၃၆၅ နေ့ရှိသည်။)
(တစ်နှစ်လျှင် ဆိုက်ဒီရီးယဲနေ့ပေါင် ၃၆၆ နေ့ရှိသည်။)