s

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

Sunday, July 24, 2011

လူမိုက်နှင့်လူလိမ္မာ

လူတို့တွင် ပညာတတ် ပညာမဲ့ဟူ၍ နှစ်မျိုးခွဲခြား နိုင်ပေသည်။ ထိုအပြင်လူမိုက် နှင့် လူလိမ္မာ နှစ်မျိုးကိုလည်း သိရှိနားလည်ရန် လိုအပ်ပေလိမ်မည်။ ငါသည် လူမိုက်လော လူလိမ္မာလောဘယ်သို့သော ပုဂ္ဂိုလ်ဖြစ် မည်နည်း။ ပြန်လည်သုံးသပ်ရန်မှာ အလွန်အရေးကြီးသော အချက်တစ်ချက်ဖြစ်ပေသည်။
လူတွင်ပညာမဲ့သော်လည်း လိမ္မာတတ်၏။ လူတွင် ပညာတတ်သော်လည်း မိုက်တတ်၏။ ပညာဟူသည် ဓါးတစ်ချောင်နှင့်ဥပမာပေးလျှင် ထိုဓါးကိုအများကောင်းကြိုးအတွက်မဟုတ်ဘဲ အများဒုက္ခရောက်အောင်ပြု လုပ် သုံးစွဲသူဖြစ်နေလျှင်ထိုသူသည်။ ပညာတတ် လူမိုက်ပင်ဖြစ်ပေသည်။ ၄င်းပုဂ္ဂိုလ်အား မပေါင်းသင်အပ်ပေ။
ပညာမဲ့လူလိမ္မာ ပညာမဲ့သော်လည်း လူတို့ကို ဒုက္ခရောက်စေတတ်သော အလုပ်ကိုမလုပ် အကြိုးရှိစေသော အလုပ်ကိုသာ လုပ်ကိုင်တတ်သော ပညာမဲ့ထိုလူသားသည် လူလိမ္မာမည်ပေသည်။ ဤသို့သောသူအား မိတ်ဆွေဖွဲ့ သင့်ပေသည်။

ကျနော်၏ လွတ်လပ်စွာတွေးတေားထားခြင်းသာဖြစ်ပါသည်။