s

ဒီမှာtab-၁ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၂ရဲ့ကုဒ်ထည့်ပေးပါt

ဒီမှာtab-၃ရဲ့ကုဒ်ထည့်ပေးပါ

ဒီမှာtab-၄ရဲ့ကုဒ်ထည့်ပေးပါ

Thursday, July 28, 2011

အပြင် ၃၇ မင်း

၁။ သိကြားမင်း
၂။ မဟာဂီရိနတ် (ပန်းပဲ မောင်တင့်တယ်)
၃။ နှမတော်နတ် (ပန်းပဲ မောင်တင့်တယ်၏ နှမကြီး)
၎။ ရွှေနဘေ (ပန်းပဲ မောင်တင့်တယ်၏ ဇနီး)
၅။ သုံးပန်လှ (ပန်းပဲ မောင်တင့်တယ်၏ နှမငယ်
၆။ မနဲမိ (သုံးပန်လှခေါ် ရှင်ထွေးလှ၏ သမီး)
၇။ ရှင်ညို (တောင်မကြီးနတ်) (ပန်းပဲမောင်တင့်တယ်နှင့် ရွှေနဘေတို့၏သား)
၈။ ရှင်ဖြူ (မြောက်မင်း) (ပန်းပဲမောင်တင့်တယ်နှင့် ရွှေနဘေတို့၏သား)
၉။ ထီးဖြူဆောင်းနတ် (အနော်ရထာမင်း၏ ခမည်းတော်)
၁၀။ ထီးဖြူဆောင်းမယ်တော် (အနော်ရထာမင်း ခမည်းတော်၏ မယ်တော်)
၁၁။ ပရိမ္မမင်းခေါင် (ကွမ်းဆောင်ကြောင်ဖြူမင်းအား နန်းချခဲ့သော ကျည်စိုးမင်း)
၁၂။ ရွှေဖျဉ်းကြီး (မောင်ဗျတ္တနှင့် မယ်ဝဏ္ဏတို့၏ သား)
၁၃။ ရွှေဖျဉ်းငယ် (မောင်ဗျတ္တနှင့် မယ်ဝဏ္ဏတို့၏ သား)
၁၄။ မန္တလေးဘိုးတော် (ရွှေဖျဉ်းညီနောင်တို့အား ငယ်စဉ်က အုပ်ထိန်းသူ)
၁၅။ ရှင်ကွ (မန္တလေးဘိုးတော်၏ နှမ)
၁၆။ ညောင်ချမ်းအို (မနူဟာမင်း၏ အဆက်အနွယ် မင်းသားတစ်ပါး)
၁၇။ မင်းစည်သူ (အလောင်းစည်သူမင်းကြီး)
၁၈။ မင်းသားဒန်းမောင်ရှင် (အလောင်းစည်သူမင်းကြီး၏သားတော် မင်းရှင်စော၏သား)
၁၉။ မင်းကျော်စွာ (ခေါ်) ပခန်းဦးမင်းကျော်
၂၀။ အောင်စွာမကြီး (ပုဂံခေတ် နရပတိစည်သူမင်း၏ အမတ်စစ်သူကြီး ဗိုလ်အောင်စွာ)
၂၁။ ရွှေစစ်သင် (ပုဂံခေတ် စောမွန်နစ်မင်း၏ သား)
၂၂။ မယ်တော်ရွှေစကား (ပုဂံခေတ် စောမွန်နစ်မင်း၏ မိဖုရား ရွှေစစ်သင်၏ မယ်တော်)
၂၃။ ငါးစီးရှင် (ပင်းယခေတ် တစ်စီးရှင် သီဟသူ၏သားတော် ကျော်စွာ)
၂၄။ မင်းတရားနတ် (အင်းဝဘုရင် ဆင်ဖြူရှင် တရဖျားမင်း)
၂၅။ မောင်ပိုးတူ (အင်းဝဘုရင် ပဌမမင်းခေါင်လက်ထက် ပင်းယမြို့သား လက္ဘ်ကုန်သည်)
၂၆။ အနောက်မိဖုရား (အင်းဝဘုရင်မင်းခေါင်၏ အနောက်ဆောင်မိဖုရား)
၂၇။ အောင်ပင်လယ် ဆင်ဖြူရှင် (အင်းဝဘုရင်မင်းခေါင်၏ သားတော် သီဟသူမင်း)
၂၈။ ရှင်ကုန်း (သီဟသူမင်း၏ ကိုယ်လုပ်တော်)
၂၉။ ရွှေနော်ရထာ (ဒုတိယ အင်းဝဘုရင်မင်းခေါင်၏ မြေးတော် ရွှေနော်ရထာ)
၃၀။ မင်းရဲအောင်ဒင် (သာလွန်မင်းတရားကြီး၏ သမီးတော် ရွှေဆင်းတု မင်းသမီး၏ခင်ပွန်း)
၃၁။ မောင်မင်းဖြူ (အင်းဝမင်းတစ်ပါး၏ သားတော်)
၃၂။ ရှင်တော်နတ် (မြွေကိုက်ခံရ၍ ပျံလွန်တော်မူသော သာမဏေတစ်ပါး)
၃၃။ တပင်ရွှေထီး (တောင်ငူဘုရင်တပင်ရွှေထီး)
၃၄။ မြောက်ဖက်ရှင်မ (တပင်ရွှေထီး၏ အထိန်းတော် မင်းရဲသင်္ခသူ၏ နောက်မယား)
၃၅။ တောင်ငူရှင် မင်းခေါင် (မင်းရဲသင်္ခသူနှင့် မြောက်ဖက်ရှင်မတို့၏ သားတောင်ငူဘုရင် မင်းခေါင်)
၃၆။ သံတော်ခံ (တောင်ငူဘုရင်မင်းခေါင်၏ သံတော်ခံ ရဲဖျား)
၃၇။ ယွန်းဘုရင် (ဇင်းမယ်ဘုရင် ဗြသံ)