မင်းကွန်းခေါင်းလောင်ကြီးသည်။ ကမ္ဘာတွင် တတိယ အကြီးဆုံး ခေါင်းလောင်းဖြစ်သည်။ တန်ချိန် ၉၀ ကျော် ၅၅,၅၅၅ ပိဿာ ရှိသည်။ မမင်းဖြူမှန်မှန်ပြောဟုသော အဓိပ္ပါယ် သည် ခေါင်းလောင်းကြီး အလေးချိန်ကို နေ့နံနဲအလိုက်ခေါ်ဆိုထားပါသည်။
ကမ္ဘာ့တတိယအကြီးဆုံးဖြစ်သည့် ကြေးသွန်း မင်းကွန်း ခေါင်းလောင်းကြီးသည် စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့ မင်းကွန်းဒေသ မင်းကွန်းဘုရားမြသိန်းတန်အနီးတွင်ရှိသည်။ အဝအချင်း ၁၆ ပေ ၉ လက်မ၊ လုံးပတ် ၅၁ ပေ ၃ လက်မ၊ စောက် ၂၀ ပေ ၃၃ လက်မ၊ အထူ ၁ ပေ ၇ လက်မ၊ အမြင့် ၂၇ ပေ ၈ လက်မ ရှိပြီး လွန်ခဲ့သောနှစ် ၂၀ဝ ကျော်က ပြုလုပ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွေ့ရပါသည်။